“ ငါအား ဖုံးလွှမ်းထားသော
လကွယ်သန်းခေါင်ယံ၊ ယင်းမှောင်မိုက် အတွင်းမှနေလို့ အနိုင်မခံ၊
အရှုံးမပေးလိုသော ငါစိတ်ကို ဖန်ဆင်းပေးသူ နတ်၊ သိကြားတို့အား ငါသည်
ကျေးဇူးစကား ဆိုပါ၏။”
” လောကဓံတရား၏ လက်ခုပ်တွင်းသို့ ဘယ်လိုပင်
ကျရောက်စေကာမူ ငါအား မတုန်လှုပ်၊ မငိုကြွေး၊ ကံတရား၏ ရိုက်ပုတ်ခြင်း
ဒဏ်ချက်ကြောင့် ငါ၏ ဦးခေါင်းသည် သွေးသံတို့ဖြင့် ရဲရဲနီနေ၏။ သို့သော်
ညွှတ်ကား၊ မညွှတ်။ ”
” လောဘ၊ ဒေါသတို့၏ ကြီးစိုးရာဌာန၏
အခြားမဲ့ကား သေခြင်း တရားသည် ကြောက်မက်ဖွယ်ရာ ငံ့လင့်နေ၏။ သို့ပင်မူ
ငါ့အား မတုန်မလှုပ် သည်ကိုသာ တွေ့ရအံ့။ နောင်ကိုလည်း ဘယ်တော့မှ
မကြောက်သည်ကို တွေ့ရပေအံ့။ ”
” သုဂတိသွားရာ၊ တံခါးဝသည် မည်မျှပင်
ကျဉ်းမြောင်းသည်ဖြစ်စေ၊ ယမမင်း၏ ခွေးရေပရပိုက်တွင် ငါ၏ အပြစ်တို့ကို
မည်မျှပင် ရေးမှတ် ထားသည်ဖြစ်စေ၊ ငါကား ဂရုမပြု။ ငါသာလျှင် ကံ၏
အရှင်သခင်ဖြစ်လို့ ငါသင်လျှင် စိတ်၏ အကြီးအကဲဖြစ်တော့၏။ ”
No comments:
Post a Comment